Phone :
+66 93 640 2792၂၀၂၅ခုနှစ် ဧပြီလ ၂၅ ရက်နေ့
၂၀၂၅ခုနှစ်၊ မတ်လ (၂၈)ရက်နေ့ လှုပ်ခတ်ခဲ့သည့် ၇.၇ ပြင်းအားရှိ စစ်ကိုင်ပြတ်ရွေ့ကြော ငလျင်ကြောင့် စစ်ကိုင်၊ မန္တလေး၊ မကွေး ရှမ်းကုန်းပြင်မြင့်၊ နေပြည်တော်နှင့် ပဲခူးစသော ဒေသရှိ လူပေါင်း – ၄၄၂၆ ဦး သေဆုံး၊ ၁၁၃၆၆ ဦး ထိခိုက်ဒဏ်ရာနှင့် နေအိမ်အောက်အအုံ အမြောက်အမြားလည်း ပျက်စီးခဲ့သည်။
ထိုအထဲမှ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် ငလျင်ဒဏ်ကြောင့် ကျေးရွာ (၃၅)ရွာမှ – လူ (၃)ဦး သေဆုံး၊ (၁၂)ဦး ဒဏ်ရာရ၊ အဆောက်အအုံပေါင်း (၇၆၅)ခုခန့် ပျက်စီးဆုံးရှုံးမှုရှိသည်ကို ကောက်ယူရရှိသည် မြေပြင်အချက်အလက်မှတ်တမ်းအရ တွေ့ရှိရပါသည်။
နေအိမ်ပျက်စီးမှု ရင်ဆိုင်ကြုံတွေ့နေရသည့်သူများသည် အကူညီရရှိမှုနည်းပါးနေလျှက်ရှိပြီး၊ ပျက်စီးမှုဆိုင်ရာ သတင်းအချက်အလက်သည်လည်း မီဒီယာပေါ် ဖော်ပြနိုင်မှု အားနည်းနေသည်ကိုလည်း တွေ့ရှိရပါသည်။ ပင်လောင်းမြို့နယ်အတွင်း အရေးပေါ်လိုအပ်ချက်များနှင့် ရေရှည်လိုအပ်ချက်များကို အောက်ပါအချက်များဖြင့် တွေ့ရှိရပါသည်။
* အရေးပေါ်လတ်တလောလိုအပ်ချက်များ*
– ယာယီနေထိုင်ရန် တဲများ
– အမိုးအကာနှင့် အခင်းများ
– အရေးပေါ် ကျန်းမာရေးဆေးဝါးများ
– ငွေကြေးမှု ပံ့ပိုးမှုများ
* ရေရှည်လိုအပ်ချက်များ*
– အိုးအိမ်ပြန်လည်မွမ်းမံရေးနှင့် တည်ဆောက်ရေးဆိုင်ရာ အကူညီများ (ဥပမာ – သွပ်၊ အုပ်၊ ဘိလပ်မြေ… စသဖြင့်)
– ရေကန်များ ပြန်လည်ပြုပြင်ရေးဆိုင်ရာ အကူညီများ
– ပညာရေးဆိုင်ရာ ကူညီထောက်ပံ့မှုများ
– စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု conselling အကူညီများ
– စိုက်ပျိုးမြေပျက်စီးမှုများနှင့် စိုက်ပျိုးရေးမျိုးစေ့ အကူအညီများ
– လမ်းပန်းဆက်သွယ်ရေး ပြန်လည်းပြုပြင်ရေး အကူအညီများ
– လူမှူဖူလုံရေး အကူညီများ
#Pa-O Youth Organization