Phone :

+66 93 640 2792

Social Media :

အန္တိမပန်းတိုင်

လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊ တရားမျှတခြင်းဖြင့် ငြိမ်းချမ်းရေး အပြည့်အဝရှိသော လူ့ဘောင်သစ်တစ်ရပ်နှင့်အတူ စွမ်းရည်ပြည့်ဝသော အနာဂတ်ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းရမည်။

ရည်ရွယ်ချက်

(က) လူငယ်ထုများ၏ ကိုယ်ပိုင်အရည်အချင်းနှင့် ဖန်တီးနိုင်မှု စွမ်းအား ပိုမိုမြှင့်မားရန်၊

 

(ခ) ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အရေးတို့ကို ပအိုဝ်းပြည်သူ နှင့် လူငယ်များ ပိုမိုပူးပေါင်းဆောင်ရွက်ရန်၊

 

(ဂ) မြန်မာနိုင်ငံ၌ တန်းတူပြီး ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝ ရှိသော ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ရာတွင်
 ရည်ရွယ်ချက်တူ တိုင်းရင်းသားလူငယ်အဖွဲ့များနှင့် ပိုမို ပူးပေါင်းပါဝင် ဆောင်ရွက်ရန်၊

 

(ဃ) အမျိုးသားရေးနှင့် နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် လူငယ်များ ပိုမိုပါဝင်ရန်နှင့်

(င) ပအိုဝ်းလူမျိုးတို့၏ စာပေနှင့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ဖော်ထုတ် မြှင့်တင် ထိန်းသိမ်းရန် တို့ဖြစ်သည်။

နောက်ခံသမိုင်းအကျဉ်း

1947 - Organizationစတင်ဖွဲ့စည်း

Dec 4th 1950

ပအိုဝ်းလူထု တစ်သောင်းကျော်က တောင်ကြီးမြို့ ယခု ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးပေါ်တွင် ချီတက်လှည့်လည်ကာ ဒီမိုကရေစီအရေးများကို ငြိမ်းငြိမ်းချမ်းချမ်း အကြွေးအကြော် ပြုခဲ့သည်။

Dec 4th 1966

ဗိုလ်ချုပ်စံသိန်း ဦးဆောင်သော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့အစည်းကို စနစ်တကျ စတင်ခုခံတော်လှန်ခဲ့သည်။

Dec 4th 1998

ဒီဇင်ဘာ (၄) ရက်နေ့များကို ဂုဏ်ပြုသောအားဖြင့် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် ရဟန်းသံဃာများနှင့် ပအိုဝ်းလူငယ်များတို့မှ စုစည်းပြီး ၁၉၉၈ ခုနှစ် ဒီဇင်ဘာလ (၄) ရက်နေ့တွင် ချင်းမိုင်မြို့ရှိ ဝပ်နောင်ခမ်း ပအိုဝ်းဘုန်းတော်ကြီးကျောင်း၌ ပအိုဝ်းလူငယ်အဖွဲ့အစည်း (PYO) ကို ဒုတိယအကြိမ် ဖွဲ့စည်းခဲ့သည်။

၁၉၄၇ ခုနှစ်တွင် ပအိုဝ်းလူငယ်အဖွဲ့အစည်း (PYO - Pa-O Youth Organization) ကို မွန်ပြည်နယ် သထုံမြို့၌ စတင်ဖွဲ့စည်းခဲ့သည်။ PYO ကို ကရင်လူငယ်အဖွဲ့အစည်း (Karen Youth Organization - KYO) မှ နုတ်ထွက်ခဲ့ကြသော K YO အထွေထွေအတွင်းရေးမှူး ခွန်းကျော်စိန် (၁၉၆၀ ပအမဖ ပါလီမန္အမတ်၊ ၁၉၇၆ PNO ဥက္ကဌ) နှင့် ခွန်းပန်းစိန် (မဆလပါတီမှ မကွေးတိုင်း နတ်မောက်မြို့နယ် လွှတ်တော်အမတ်)၊ ခွန်းဘေရွှေ (၁၉၆၀ သထုံပါလီမန္အမတ်) တို့မှ ဦးဆောင်ဖွဲ့စည်းခဲ့ကြသည်။

၁၉၅၀ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ပအိုဝ်းလူထု တစ်သောင်းကျော်က တောင်ကြီးမြို့ ယခု ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးပေါ်တွင် ချီတက်လှည့်လည်ကာ ဒီမိုကရေစီအရေးများကို ငြိမ်းငြိမ်းချမ်းချမ်းအကြွေးအကြော်ပြုခဲ့သည်။
၁၉၆၆ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့တွင်လည်း ဗိုလ်ချုပ်စံသိန်း ဦးဆောင်သော ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့အစည်းကို စတင်ခုခံတော်လှန်ခဲ့သည်

ထို့နောက်၊ (ပအလဖ) မှ စစ်အာဏာရှင် ဒီဇင်ဘာ ၄ ရက်နေ့များကို ဂုဏ်ပြုသောအားဖြင့် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် ရဟန်းသံဃာများနှင့် ပအိုဝ်းလူငယ်များတို့မှ စုစည်းပြီး ၁၉၉၈ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ချင်းမိုင်မြို့ရှိ ဝပ်နောင်ခမ်း ပအိုဝ်းဘုန်းတော်ကြီးကျောင်း၌ ပအိုဝ်းလူငယ်အဖွဲ့အစည်း (PYO) ကို ဒုတိယအကြိမ် ဖွဲ့စည်းခဲ့သည်။ ယင်းမတိုင်မှီ ပြည်တွင်းပြည်ပ၌ ပအိုဝ်းအမျိုးသားအဖွဲ့အစည်းများ ရှိပါသော်လည်း ပအိုဝ်းလူငယ်ထုကို ကိုယ်စားပြု၍ အမျိုးသားရေး၊ နိုင်ငံရေးနှင့် လူမှုဘဝဖွံ့ဖြိုးရေးကို ဦးတည်လှုပ်ရှားသည့် လူငယ်အဖွဲ့မရှိသေးသဖြင့် PYO ကို ဖွဲ့စည်းခဲ့ရခြင်း ဖြစ်သည်။

Future Plans

စတုတ္တမြောက် အကြိမ်မြောက် အဖွဲ့အစည်း၏ ညီလာခံမှ ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်များမှာ
 ဒေသခံလူထုများအကြား ဖြစ်ပျက်နေသော လူ့အခွင့်အရေးဆိုင်ရာ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအရေးနှင့် တရားဥပဒစိုးမိုးရေးတို့ကို အထောက်အကူဖြစ်စေနိုင်သော အစီရင်ခံစာများကို ဒေသခံလူထုများနှင့် ပူးပေါင်း၍ ထုတ်ဝေသွားမည်။

 

ဒေသခံလူထုများအား လက်ရှိ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်များကို သိရှိနားလည်စေပြီး လက်တွေ့ပါဝင် ဆောင်ရွက်နိုင်ရန်နှင့် လိုအပ်သော အခြေခံ နိုင်ငံရေးဆိုင်ရာ စွမ်းရည်များကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်။

 

အမျိုးသမီးများ၏ စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းများ၊ လူငယ်စွမ်းရည်မြှင့်သင်တန်းများ ကွင်းဆင်းကျင်းပခြင်းနှင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် စီမံကိန်းကြီးများကိုလေ့လာ စောင့်ကြည့်သွားမည်ဖြစ်သည်။